နိုင်ငံ့မျိုးဆက်သစ်အင်ဂျင်နီယာများအတွက် အနာဂတ်ကောင်းများ ဖန်တီးပေးနိုင်သည့် နိုင်ငံတကာအဆင့်မီ နည်းပညာတက္ကသိုလ်အစဉ်ဖြစ်စေရေး အလေးထားဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့မျိုးဆက်သစ်အင်ဂျင်နီယာများအတွက် အနာဂတ်ကောင်းများ ဖန်တီးပေးနိုင်သည့် နိုင်ငံတကာအဆင့်မီ နည်းပညာတက္ကသိုလ်အစဉ်ဖြစ်စေရေး အလေးထားဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)သို့ ကြည့်ရှုစစ်ဆေးသည်။ 


ယင်းသို့စစ်ဆေးရာတွင် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားအတွက်ချမှတ်ထားသည့် Moving Forward ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးနိုင်မည့် အင်ဂျင်နီယာနည်းပညာရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များကို မဟာဗျူဟာစီမံကိန်းနှင့်အညီ မွေးထုတ်နိုင်ရေးဆောင်ရွက်သွားရန်၊ သုတေသနအဖွဲ့များဖွဲ့စည်း၍ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များနှင့် ကွန်ရက်ချိတ်ဆက်ကာ Joint Research များကို ထိရောက်စွာပူးပေါင်းဆောင်ရွက်ပြီး ပြည်သူလူထုဗဟိုပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးပံ့ပိုးပေးမည့် အရည်အသွေးမြင့် သုတေသနစာတမ်းများရေးသားပြီး နည်းပညာလွှဲပြောင်းပေး၍ သုတေသနရလဒ်များအား ထိရောက်စွာအသုံးချစေရန်၊ သုတေသနညီလာခံများ၊ နည်းပညာပြိုင်ပွဲများနှင့် Project Show များ ပုံမှန်ကျင်းပဆောင်ရွက်ရန်၊ နိုင်ငံ့မျိုးဆက်သစ် အင်ဂျင်နီယာလူငယ်များအတွက် တောက်ပသောအနာဂတ်ကောင်းများ ဖန်တီးပေးနိုင်သည့် အနှစ်သာရပြည့်ဝ၍ ရလဒ်ညွှန်းကိန်းများမြင့်မားသည့် နိုင်ငံတကာအဆင့်မီ နည်းပညာတက္ကသိုလ် အစဉ်ဖြစ်စေရေးအလေးထားဆောင်ရွက်ရန်၊ သင်ကြားသင်ယူမှုစနစ်နှင့် ဆရာများ အရည်အသွေးမြင့်မားအောင် စဉ်ဆက်မပြတ် ဆန်းစစ်မွမ်းမံသွားရန်၊ ကျောင်းသားများ သင်ကြားဆည်းပူးရာတွင် အဆင်ပြေချောမွေ့စေရေး စီမံဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဆရာများ၊ ကျောင်းသားများ၏ အခက်အခဲတင်ပြမှုများကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု (ရုရှား)နိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာအကူအညီဖြင့် တည်ထောင်ဆောက်လုပ်ထားကြောင်း ရေးထိုးထားသည့်အထိမ်းအမှတ် ကျောက်စာတိုင်၊ အဝင်ဂိတ်မှ ပင်မဆောင်ထိ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ ပင်မဆောင်၌ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားမှုနှင့် ဆိုလာစနစ် တပ်ဆင်သုံးစွဲထားရှိမှု၊ စာသင်ခန်းများ၊ စွန့်ဦးတီထွင် ကျောင်းသားလူငယ်များအတွက် Maker Space အခန်း ပြုပြင်မွမ်းမံမည့်အခြေအနေ၊ စာကြည့်တိုက်တွင် အပြီးသတ်ဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေ၊ လိပ်ပြာတောင်နှင့် အနီးဝန်းကျင်၊ စင်္ကြံလမ်းများနှင့် ကျောင်းသားအိပ်ဆောင်များ၊ ကျောင်းသားအိပ်ဆောင်သစ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဘောလုံးကွင်းပြုပြင်ထိန်းသိမ်းမှု၊ ပွဲကြည့်စင်ဆောက်လုပ်ရန်လိုအပ်မှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ဖြည့်စွက်တင်ပြမှုအပေါ် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ပရဝဏ်ဖြစ်စေ‌ရေး အလေးထားဆောင်ရွက်ရန်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို Plan အလိုက် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးစေရန်နှင့် သန့်ရှင်းသာယာလှပရေး Schedule အတိုင်း ပုံမှန်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)