MNP - ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များ နှင့် ရေသန့်စက်ရုံအား ယနေ့ နံနက် ၁၁ နာရီ အချိန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ထွန်းရွှေခိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့် မှု များ၊ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်း ချက်များ နှင့် ကိုက်ညီမှု ရှိမရှိ ၊ စက်သုံးဆီဆိုင်များ နှင့် ရေသန့်စက်ရုံများတွင် မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိကာ အသုံးပြုတတ် စေရေး ၊ စက်သုံးဆီဆိုင်များတွင် အများပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်ဘုတ်များ ထားရှိ စေရေး ၊ ရေသန့်စက်ရုံအတွင်း သွယ်တန်းထားသော လျှပ်စစ် ဝါယာကြိုး များ ဟောင်းနွမ်း ပေါက်ပြဲမှု ရှိမရှိ စသည့် တို့ကို အကြုံ ပြု ကွင်းဆင်း စစ်ဆေးခဲ့ ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment