စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဟောပြောပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဟောပြောပွဲအခမ်းအနား ကျင်းပ





MNP   -    ဖေဖော်ဝါရီ    ၁၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဟောပြောပွဲ အခမ်းအနားကို စဉ့်ကူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်သည်။


အဆိုပါ ဟောပြောပွဲတွင် စဉ့်ကူးမြို့နယ် (YMBA)အသင်း ဥက္ကဌ ဦးခင်မောင်ထူး က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်(YMBA)အသင်း အလုပ်အမှုဆောင်အဖွဲ့  အဖွဲ့ဝင် ဦးလှသောင်း က ကျောင်းသားကျောင်းသူလေးများအား ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာကြွယ်ဝစေရန် ရည်ရွယ်၍ ``မင်္ဂလာအကြောင်းသိကောင်းစရာ´´ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။


အဆိုပါ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် (YMBA)အသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အထက(စဉ့်ကူး)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊  ရွှေကူကြီး တွဲဘက် အလယ်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)