မရမ်းကုန်းမြို့နယ်၌ ကျောင်းကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းခြင်း ဂုဏ်ပြုလွှာများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ကျောင်းကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းခြင်း ဂုဏ်ပြုလွှာများပေးအပ်




MNP   -   ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကချီးမြှင့်သည့် ကျောင်းကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းခြင်း ဂုဏ်ပြုလွှာများ​​ပေးအပ်ခြင်းကို ယ​နေ့နံနက်ပိုင်းက သက်ဆိုင်ရာ​ကျောင်းများအလိုက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူများမှ ​ပေးအပ်​ခဲ့သည်။


အဆိုပါဂုဏ်ပြုလွှာသည် မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ အထက်တန်းအဆင့် စာသင်​ကျောင်း (၄)​ ကျောင်း၊ အလယ်တန်းစာသင်ကျောင်း (၁) ​ကျောင်းတို့တွင် ရှေးဦးပြုစုခြင်းအခြေခံ​သင်တန်းများဖွင့်လှစ်ခဲ့ပြီး ကျောင်းကြက်ခြေနီ အသင်းခွဲငယ်များ ဖွဲ့စည်းနိုင်ခဲ့​သော​​ကြောင့် မှတ်တမ်းတင်ဂုဏ်ပြု​ ပေးအပ်ခြင်းဖြစ်​ကြောင်း သိရသည်။


​အေး​အေး​အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)