(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ပြုလုပ်


MNP   -   ဖေဖော်ဝါရီ ၁၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများအနေဖြင့် အများပြည်သူ အသိပညာပြန့်ပွားစေရန် အသိပညာပေး လုပ်ငန်းများကို လည်းကောင်း ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ကလေးများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပြပွဲ၊ ပြိုင်ပွဲများကိုလည်းကောင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉) နာရီအချိန် က ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲကို ပညာရေးဌာနနှင့် ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင် ပြန်/ဆက် ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ဖြေဆိုကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေး များအား ခရိုင် ပြန်/ဆက်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)