MNP - ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နေ့လယ်ပိုင်းက မြို့မအားကစားကွင်းရှိ မြို့မအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အားကစားသမားများ ကွင်းအတွင်းနေရာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးကဦးဆောင်၍ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီးနောက် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွါခဲ့ပြီး ကြွေချိုင်အသင်းနှင့်မြေစာရင်း(က)အသင်းနှစ်သင်းက စတင်ကာ အသင်း(၈)သင်းမှ ယှဥ်ပြိုင်ကစားခဲ့ကြသည်။
ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့်ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment