ဒေးဒရဲမြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ



MNP   -  ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတ တိုးပွားစေ ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အမှတ်(၃)၊ အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်သီတာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ပြီး ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိလာစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်အတွက် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


 ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပရာ ဦးစီအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ဦးဆောင် ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည့် မယွန်းသီရိသော်က လူငယ်နှင့် စာပေ၊ မဂျူးဂျူးမေမောင်က လူငယ်နှင့် စာရိတ္တ၊ မောင်ဇွဲသူရမျိုးက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မခင်မြတ်နိုးက လူငယ်နှင့် ရည်မှန်းချက်၊ မောင်ကောင်းထူးစံက လူငယ်နှင့် မူးယစ်ဆေး စသည့်ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိ ပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ် စာစောင်များ ပြသခဲ့ကြောင်း သိရသည်။


အေဇာလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)