ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသူ/နိုင်ငံသားများအား အမိမြန်မာနိုင်ငံသို့ အောင်မြင်စွာပြန်လည်ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသူ/နိုင်ငံသားများအား အမိမြန်မာနိုင်ငံသို့ အောင်မြင်စွာပြန်လည်ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်






MNP ၊ ဖေဖော်ဝါရီ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်း နိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား(၆၇၉)ဦးတို့အား ဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် မိမိနေအိမ်များသို့ အမြန်ပို့ဆောင်ပေးရန်နှင့် အလှမ်း ဝေးသည့်နေရပ်များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် ပို့ဆောင် ပေးရန် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းတွင် ကော့သောင်းမြို့သို့ရောက်ရှိနေသော နေရပ်ပြန်မြန်မာနိုင်ငံသား(၆၇၉)ဦးအနက် တနင်္သာရီတိုင်းဒေသကြီးအတွင်း နေထိုင်သူ နေရပ်ပြန်များအား ကော့သောင်း မြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ပို့ ဆောင်ပေးသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ကော့သောင်းမြို့၌ ရောက်ရှိနေ သော ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ  နေရပ်ပြန် မြန်မာနိုင်ငံသား (၁၇၀)ဦးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် တင်ဆောင်၍ ၎င်းတို့အနက် မွန်ပြည်နယ်မှ ၅၂ ဦးအား မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ပို့ဆောင် ပေးမည်ဖြစ်ပြီး ကျန်ရှိသည့်နေရပ်ပြန်များအား ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။


ထို့ပြင် ဝေးလံသော ရခိုင်ပြည်နယ်မှ နေရပ်ပြန်(၁၁၁)ဦးအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ များမှတစ်ဆင့် သက်ဆိုင်ရာမြို့များအသီးသီးသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)