သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဇင်)အား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဇင်)အား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး


နေပြည်တော်၊ ဖေဖော်ဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဇင်)အား ယနေ့မွန်းလွဲပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ လာရောက် မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အခြေခံပညာအထက်တန်း ကျောင်း(ညောင်ဇင်)အား မီးရှို့ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်း မီးငြိှမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် စာသင်ဆောင် ၂ ဆောင်နှင့် ခန်းမ ၁ ဆောင်တို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

အခြေခံပညာအထက်တန်းကျောင်း(ညောင်ဇင်)၌ လက်ရှိအချိန်တွင် ကျောင်း သား၊ ကျောင်းသူများ ပညာသင်ကြားနေခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ထားဝယ်မြို့ရှိ စာသင်ကျောင်းများနှင့် ညောင်ဇင်ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ ပညာရေးဆိုင်ရာ အဆောက်အဦများအား အကြောင်းမဲ့ လာရောက် မီးရှို့ဖျက်ဆီးခဲ့သူများနှင့် ပါဝင်ပတ်သက်သူများအား တရားဥပဒေနှင့်အညီ အရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)