(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ ၊ ဆုချီးမြှင့်ပွဲ မုံရွာမြို့၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို လက်ဝှေ့ပြိုင်ပွဲ ၊ ဆုချီးမြှင့်ပွဲ မုံရွာမြို့၌ ကျင်းပ


MNP  -  ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက မျိုးဆက်သစ် အားကစားသမား‌ကောင်းများ ပေါ်ထွန်း လာစေရေးအတွက် ရည်ရွယ်၍ ကျင်းပသည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လက်ဝှေ့ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းရှိ လက်ဝှေ့ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် ပွဲစဉ်အလိုက် အမျိုးသမီး ၄၈ ကီလိုတန်း၊   အမျိုးသမီး ၅၁ ကီလိုတန်း၊  အမျိုးသား ၅၂  ကီလိုတန်း၊  အမျိုးသား  ၆၀ ကီလိုတန်း၊ အမျိုးသား အလွတ်တန်း  ၆၉ ကီလိုတန်းနှင့် အထူးပွဲ အပါအဝင်စုစုပေါင်း ၆ ပွဲ ယှဉ်ပြိုင်ခဲ့ကြရာ ယှဉ်ပြိုင်ပွဲများအား မုံရွာမြို့ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ဇော်လွင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် ခရိုင်၊ မြို့နယ် အဆင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်းအမှူထမ်းများ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း (မုံရွာ)မှ    ဝန်ထမ်းများနှင့် စိတ်ပါဝင်စားစွာ တက်ရောက် လာကြသူများက ကြည့်ရှု အားပေးခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ  အမျိုးသမီး ၄၈ ကီလိုတန်း၊  အမျိုးသမီး ၅၁ ကီလိုတန်း၊  အမျိုးသား ၅၂  ကီလိုတန်း၊  အမျိုးသား  ၆၀ ကီလိုတန်း၊ အမျိုးသား အလွတ်တန်း  ၆၉ ကီလို  တို့တွင် ဆုရရှိကြသူများအား မုံရွာမြို့ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်ဇော်လွင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အထူးပွဲအဖြစ် နန်းစုနွယ် (ဟုမ္မလင်း)နှင့် စွမ်းထက်လင်း(ကသာ) တို့၏ အထူးလက်ရည်စမ်းပွဲ ယှဥ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပူးတွဲပထမဆုအဖြစ် ပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ ရရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)