MNP - ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိသဘာဝပျားရည်များသည် ဆေးဖက် ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များဝယ်လိုအား ကောင်း၍ဈေးကောင်းရရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှအမြင့်ပေ ၈၀ မှ ၁၀၀ ခန့်ရှိသစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကိုတွေ့ရှိရပြီး ၎င်းပျားအုံများကို နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်ကြီးရှိပျားစွဲသည့် နေရာများသို့ သွားရောက်ကာ ပျားဖွတ်လေ့ရှိသည်။
အဆိုပါသံတောင်ကြီးဒေသထွက် ပျားရည်များသည် သဘာဝပျားရည်စစ်စစ်ဖြစ်ပြီးဆေးဖက်ဝင်သည့်အတွက် တောင်ငူမြို့/ရန်ကုန်မြို့နှင့်မြန်မာနိုင်ငံအနှံသာမက နိုင်ငံရပ်ခြားသို့ပါ တင်ပို့ရောင်း ချရခြင်းကြောင့် ယခုအချိန်တွင် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကာ တစ်ပုလင်းလျှင်ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀) ထိရရှိကြောင်းပျားရည်ရောင်းဝယ်သိုလှောင်ထားသူ ဒေသခံတစ်ဦး ဖြစ်သည့်ဒေါ်ရှားရိုဖောထံက သိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost

No comments:
Post a Comment