(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP   -   ဖေဖော်ဝါရီ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ ရပ်ကွက်(၃)ရှိ ဘောလုံးကွင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ကျင်းပခဲ့သည်။


ရှေးဦးစွာ ဖွင့်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက ယခုလိုပြိုင်ပွဲကျင်းပရခြင်းကြောင့် အားကစားကို ချစ်မြတ်နိုး တတ်စေရန်၊ ကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေ ရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ဒိုင်လူကြီး တစ်ဦးမှ အားကစားစည်းမျဉ်း စည်းကမ်းများကို ပြောကြားပြီး ဖွင့်ပွဲတွင် GAD  အသင်းနှင့်   FRIEND SHIP   အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲတွင် ဌာနဆိုင်ရာ များ၊ ရပ်ကွက်ကျေးရွာများမှ ပြိုင်ပွဲဝင် အသင်း (၁၇)သင်းတို့က ပါဝင်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်ကို ၁၂−၂−၂၀၂၃ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ကျင်းပ၍ ဆုရအသင်းများအား ဆုများထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း နှင့် ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)