နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဆီးရီးယားနိုင်ငံသမ္မတ နှင့်တူကီယဲနိုင်ငံသမ္မတတို့ ထံသို့ စာနာထောက်ထားကြောင်းသဝဏ်လွှာပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဆီးရီးယားနိုင်ငံသမ္မတ နှင့်တူကီယဲနိုင်ငံသမ္မတတို့ ထံသို့ စာနာထောက်ထားကြောင်းသဝဏ်လွှာပေးပို့


MNP ၊ ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် တူကီယဲနိုင်ငံနှင့် ဆီးရီးယားနိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ဆီးရီးယားပြည်သူအများအပြား အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဆီးရီးယားနိုင်ငံသမ္မတ ဒေါက်တာဘာရှားအယ်-အာဆတ်ထံသို့ စာနာထောက်ထားကြောင်းသဝဏ်လွှာကို ၇-၂-၂၀၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ထို့အတူ မြေငလျင်ဒဏ်ကြောင့် တူကီယဲပြည်သူအများအပြား အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တူကီယဲနိုင်ငံသမ္မတ မစ္စတာရီဆက်တေရစ်အာဒိုဂန်ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာကို ၇-၂-၂၀၂၃ ရက်နေ့တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

ဆီးရီးယားနှင့် တူရတီ တို့တွင် ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၁၀၀၀ ကျော်အထိ သေဆုံးခဲ့ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)