မော်လိုက်မြို့၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ လူငယ်စကားဝိုင်းကျင်းပ




MNP  -   ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် အမှတ်(၄)၊ အခြေခံပညာကျောင်းအုပ်ဆရာကြီး ဦးဝင်းယုကအဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး Grade – 5 ကျောင်းသား မောင်ဝင်းခန့်ကျော်က  လူငယ်နှင့်အားကစား၊ Grade – 5 ကျောင်းသားမောင်စိုးသူရက      မူးယစ်ဆေးဝါးနှင့်အားကစား၊   Grade – 4 ကျောင်းသူမချစ်စုဝင်းက ကာယလေ့ကျင့်ခန်းနှင့်အားကစား၊ Grade–5 ကျောင်းသူ မမေဇော်ဝင်းက ကျန်းမာရေးနှင့်အားကစားခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ခရိုင်အားကစားမှူး ဦးဝင်းထိန်နှင့် မြို့နယ်အားကစားမှူး ဦးစံမင်းအောင်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ကျောင်းသား/သူလေးများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ကျောင်းသား/ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)