အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်


MNP  -   ဖေဖော်ဝါရီ   ၃

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရဲ့အန္တရာယ်ကို မီးမောင်းထိုးပြဖို့နဲ့ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ရေး၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရဲ့ အန္တရာယ်ကို မီးမောင်းထိုးပြနိုင်ဖို့နဲ့ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ရေးဆောင်ရွက်မှုများအား ပြည်သူများသိရှိနိုင်ရန် ရည်ရွယ်ချက် အသိပညာပေး Talk Show အားစုကလိမြို့လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး Talk show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှစာကြည့်တိုက် လက်ထောက် - ၃ ဒေါ်ပိုပိုအောင်က အမျိုးသမီးများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာပုံစံအမျိုးမျိုးအကြမ်း ဖက်ခံနေရသော အမျိုးသမီးများအကြောင်း၊ မိသားစုအတွင်း လုပ်ငန်းခွင်အတွင်း အသက် ၁၅ နှစ်နှင့် ၄၉ နှစ်အကြား အမျိုးသမီးများအနေဖြင့် ၂၁% အကြမ်းဖက်ခံနေရပြီး အကြမ်းဖက်မှုပပျောက်ရေးအတွက် ချက်ချင်းကာကွယ်တုံ့ပြန်တတ်စေရန်တို့ကိုပြောပြပေးခဲ့ပြီး ရုပ်သံ ကျွမ်းကျင်-၃ ဦးကိုကိုအောင်က အမျိုးသမီးများအနေဖြင့် “တရားမျှတမှု+တာဝန်ခံမှု = ပြစ်ဒဏ် ကင်းလွတ်ခွင့်များကို အဆုံးသတ်ခြင်း” ဆိုသည့် ဆောင်ပုဒ်ဖြင့် လက်ကိုင်ဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံသည် အကြမ်းဖက်မှုမှန်သမျှကို လုံးဝဆန့်ကျင်ကန့်ကွက် သည်သာမက အကြမ်းဖက်မှုမှန်သမျှ ပပျောက်စေရန် (Zero Tolerance)မူကို ကိုင်စွဲ ကျင့်သုံးပြီးမည်သည့်အကြမ်းဖက်မှု မဆိုရှုတ်ချကန့်ကွက်သည့် မူဝါဒအတိုင်း အမျိုးသမီးများအနေဖြင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြစေရန်လိုအပ်ကြောင်းတို့ကို ဆွေးနွေးပေးခဲ့ သည်။


အဆိုပါ အသိပညာပေး Talk Show အား We love Sukali Page တွင် အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ပိုပိုအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)