MNP - ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ နမ့်ပေါ်ဟွန်း အခြေခံပညာမူလတန်းလွန်ကျောင်း၊ စမ်းစုတ်အခြေခံပညာအထက်တန်းကျောင်း၊ ဆိုက်ခေါင်အခြေခံပညာအထက်တန်းကျောင်းနှင့် နောင်ယွန်း အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သိုကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ကျောင်းသား၊ ကျောင်းသူများအား ပညာဆိုရာမှာ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာ၊ ကိန်းဂဏာန်းဆိုင်ရာ အတွက်အချက်ပညာ၊ စီမံခန့်ခွဲမှုပညာ၊ ဥပဒေသပညာ၊ ဆေးပညာ၊ အရောင်းအဝယ်ကုန်သွယ်ပညာစသဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်း၊ လူငယ်ဘဝပညာသင်အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာဖြစ်ပါကြောင်း၊ ဘဝတစ်လျှောက်လုံးကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်အဆင်ပြေပြေနေနိုင်ဖို့ အသိပညာ၊ ဗဟုသုတပြည့်ဝဖို့လိုအပ်ပါကြောင်း၊ အကျင့်စာရိတ္တကောင်းဖို့ အသက်အရွယ်အလိုက် လူမှုကျင့်ဝတ်နဲ့အညီနေနိုင်ဖို့၊ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေစေဖို့သိထားရမယ့်၊ ကျင့်ကြံရမယ့်အချက်တွေ အများကြီးရှိသေးပါကြောင်း၊ လူငယ်နှင့်ရည်မှန်း ချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြရန်နှင့် လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးစသည့် အချက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များပြသပြီးနောက် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment