MNP - ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ပင်လုံစာချုပ်၏အရေးပါပုံများအကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးမှ မိမိတို့ပြည်ထောင်စုကြီးကို ထိန်းသိမ်းသင့်သည့်အကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment