MNP - ဖေဖော်ဝါရီ ၁၀
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉)နာရီအချိန်က ကျိုက်ထိုမြို့ နယ်အတွင်းရှိ အခြေခံပညာကျောင်း များတွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ရုံးရှိ ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာ စောင်များကို(အခမဲ့)ဖြန့်ဝေပေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါသ တင်းစကားလက်ကမ်းစာစောင်တွင် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နှုတ်ချက်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၆) ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှကောက်နှုတ်ချက်ဖြစ်သည့် အေးအတူပူအမျှ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ ပြည်ထောင်စုနှင့်ပက်သက်သည့်ကဗျာများ၊ ကာတွန်းနှင့်မိန့်ခွန်းကောက်နုတ်ချက်များ၊တွဲလက်ခိုင်ကျည်ပေါင်းစုညီ တို့ညီနောင်ထုပြည်ထောင်စု ဆောင်ပုဒ်၊ တိုင်းရင်းသားများစည်းလုံးအားဖြင့် လက်တွဲမပျက်ရှေ့သို့ဆက် ဆောင်ပုဒ်၊ ညီညွတ်ခြင်းသည် စွမ်းအင်၊စည်းလုံးခြင်းသည် ခွန်အား၊ ပြည်ထောင်စု၏ နှလုံးသား ဆောင်ပုဒ်များစသည်တို့စုံလင်စွာပါရှိကြောင်းသတင်းရရှိပါသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment