မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ


MNP  -    ဖေဖော်ဝါရီ ၂၈

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့  ပူးပေါင်း၍  ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) အား အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး ဆိုင်ရာ နည်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီ ၃၀ ချိန်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌  ပို့ချခဲ့သည်။


ရှေးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းသည် ကော်မရှင်တစ်ခု တည်းဖြင့် ဆောင်ရွက်၍ မရဘဲ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အခွင့်အလမ်းများကို တားဆီးရန်ဌာန၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက်များရှိပါက ဖော်ထုတ်ပြုပြင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ရပါက နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များဆုံးရှုံး စေပါကြောင်း၊ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme-PFP) အသုံးပြုခြင်းဖြင့် အများပြည်သူ၏ အကြံပြု ချက်များ ရယူ၍ အားနည်းချက်များ ပြုပြင်သွားပါက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက်  နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်း တာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP)၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စား နိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA)  အများပြည်သူ ထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)