မူဆယ်မြို့နယ် လုံးကျွတ်(ဒုတိယအကြိမ်)ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင်ပြည်သူများ ပါဝင်လောင်းလှူရန် နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့နယ် လုံးကျွတ်(ဒုတိယအကြိမ်)ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင်ပြည်သူများ ပါဝင်လောင်းလှူရန် နှိုးဆော်


MNP  -   ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့သည် ရှမ်း၊ ပလောင်၊ ကချင်၊ ကရင်၊ ချင်း၊ ရခိုင် အစရှိသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေ‌ထိုင်သော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သော်လည်း စေတနာသဒ္ဓါတရားထက်သန်စွာ မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များနှင့် သီလရှင်များကို မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယမန်နှစ်မှစတင်၍ မြို့နယ်အတွင်းရှိဌာန ဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊မြို့ရပ်မိ/ရပ်ဖများ၊ မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များမှ စေတနာ့ရှင်ပြည်သူများက စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နှစ်က ဧပြီလ (၉)ရက်နေ့တွင် မူဆယ်မြို့အဝင် မီးပွိုင့်လမ်းဆုံနှင့် သိန်းသန်းချီကားကြီးကွင်းသွားရာ လမ်းတစ်လျှောက်တွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဆရာတော်၊သံဃာတော်နှင့်သီလရှင် အပါး(၁၀၀၀)အား စေတနာ့ရှင် ပြည်သူများအားလုံး စုပေါင်း၍ စုစုပေါင်းတန်ဖိုး(၁၁၄၄၀၀၀၀၀)ကျပ်ဖြင့် မြို့နယ်လုံး ကျွတ်(ပထမအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ ကြပါသည်။


ယခုနှစ်တွင်လည်း မြို့နယ်လုံးကျွတ်(ဒုတိယအကြိမ်)ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ၊ မြို့ရပ်မိ/ရပ်ဖ များနှင့် စေတနာ့ရှင်ပြည်သူများ စုပေါင်း၍ ၂၀၂၃ခုနှစ်၊ မတ်လ၊(၄)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များနှင့်သီလရှင်များ အပါး(၁၃၀၀)ကျော် လောင်းလှူ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးဖြစ်သည့် အတွက် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်နေ စေတနာ့ရှင် ပြည်သူများ သိရှိစေရန် အလို့ငှာ မူဆယ်မြို့အဝင်နှင့် မြို့ပေါ်အထင်ကရနေရာ များ၊မြို့မဈေးကြီးဘေးနှင့် မီးပွိုင့်လမ်းဆုံ နေရာများတွင် မြေစိုက်ဘုတ်များ စိုက်ထူပြီး ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)