MNP ၊ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ အုန်းတောကျေးရွာအနီးတွင် ယမန်နေ့ ညနေ ၃နာရီခွဲဝန်းကျင်က အပြစ်မဲ့ပြည်သူ ၁ ဦးအား ညှင်းပန်းနှိပ်စက်ပြီး ကား ၁ စီး၊ ငွေးသားများနှင့် ကုန်းပစ္စည်းများအား PDF အကြမ်းဖက်သမားများက ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။
မိသားစုစားဝတ်နေရေးအတွက် ပြည်သူ ၁ ဦးသည် ပေါက်မြို့သို့ ကုန်ပစ္စည်များ ပို့ဆောင်ရန်အတွက် ပခုက္ကူမြို့မှ ကုန်ပစ္စည်းများ တင်ဆောင်၍ ပေါက်-ရေပြာ-ကမ္မ-ပခုက္ကူ ကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ ပေါက်မြို့နယ်၊ အုန်းတော(တ)ကျေးရွာအနီး အရောက်တွင် PDF အကြမ်းဖက်သမားများက လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ၎င်းမော်တော်ယာဉ်အား ခြိမ်းခြောက် ရပ်တန့်ခိုင်းပြီး သေနတ်ဒင်ဖြင့် ထုရိုက်၊ ခြေထောက်ဖြင့် မျက်နှာအား ကန်ကြောက်ကာ ငွေ သိန်း ၁၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မော်တော်ယာဉ်ပါ ကုန်ပစ္စည်းများနှင့် ၎င်းမော်တော်ယာဉ်တို့အား အတင်းအဓ္ဓမ ဓားပြတိုက် ယူဆောင်သွားကြောင်း သိရှိရပါသည်။
#MyanmarNationalPost

No comments:
Post a Comment