MNP - ဖေဖော်ဝါရီ ၂၃
ဘာစီလိုနာအသင်း နည်းပြ ဇာဗီက ကွင်းလယ်ကစားသမား ဆာဂျီယိုလ် ဘုစကွက်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး “ဆာဂျီယိုလ် ဘုစကွက်က အသင်းရဲ့ဂန္တဝင်တစ်ယောက်ပါ၊ သူဘာလုပ်ချင်လဲ သူ့အနာဂတ်အတွက် ဆုံးဖြတ်ရမှာပါ၊ ကျွန်တော်တို့က သူ့ကို စောင့်နေပါတယ်။ ကျွန်တော်နဲ့ ဒါမှမဟုတ် လာပေါ်တာနဲ့လည်း ဘာပြဿနာမှမရှိပါဘူး၊ အခြေအနေတွေက အရမ်းကိုကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဇာဗီက"ဖရန့် ကိုင်စီတစ်ယောက် စိတ်ရှည်သည်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သူဟာ ကလပ်အသင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment