MNP ၊ ဖေဖော်ဝါရီ ၂၂
လှည်းကူးမြိုနယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်းရှိ နေအိမ် တစ်ခုအား ၂၂-၂-၂၀၂၃ ရက်နေ့ ည ၈ နာရီ ဝန်းကျင်တွင် PDF အကြမ်းဖက်သမားများက ဆိုင်ကယ်ဖြင့် ဝင်ရောက်လာပြီး ကလေးငယ်တစ်ဦး အပါအဝင် မိသားစု ၅ဦး စလုံးကို ရက်စက်စွာ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမား ၄ ဦး မှ ဆိုင်ကယ် ၂ စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ရှိ ငါးခြောက်၊ ပုစွန်ခြောက်အွန်လိုင်းရောင်းဝယ်သူ ဒေါ်စန်းနွဲ့၊ သားဖြစ်သူ ကိုမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊ မဝင်းနွယ်၏ သား အသက်သုံးနှစ်အရွယ်ကလေးနှင့် အိမ်သို့လာရောက်လည်ပတ်နေသူ အသက် ၈၅ နှစ်ရှိ ဦးလေးတို့ ၅ဦးလုံးကိုရက်စက်စွာ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။
အချင်းဖြစ်ပွားရာသို့ တာဝန်ရှိသူမျး သွားရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment