(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ဈေးရောင်းပွဲတော် (စတုတ္ထမြောက်နေ့)တွင် လာရောက်လည်ပတ်သူများဖြင့် စည်းကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများနှင့် ဈေးရောင်းပွဲတော် (စတုတ္ထမြောက်နေ့)တွင် လာရောက်လည်ပတ်သူများဖြင့် စည်းကား




MNP   -   ဖေဖော်ဝါရီ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စု‌နေ့အထိမ်းအမှတ်ပြခန်းများနှင့် ဈေးရောင်းပွဲတော်(စတုတ္ထ‌မြောက်နေ့)ဆက်လက်ကျင်းပရာ လာရောက်လည်ပတ်သူများဖြင့် စည်းကားလျက်ရှိသည်။


အဆိုပါပြခန်းများနှင့်ဈေးရောင်းပွဲတော်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကြည့်ရှုအား‌ပေးရာ ပြခန်းများမှတာဝန်ရှိသူများက မိမိတို့ပြခန်းအတွင်းခင်းကျင်းပြသထားမှုများကို ရှင်းလင်းတင်ပြကြသည်။


၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဝန်ကြီးဌာနပြခန်းများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချသည့်ဆိုင်ခန်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှထုတ်လုပ်သည့် လူသုံး၊ အိမ်သုံး၊ လုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများ ဖွင့်လှစ်ပြသရောင်းချရာ လာရောက်ကြည့်ရှုသူများ၊ ဝယ်ယူအားပေးကြသည့် ပြည်သူများနှင့် အထူးစည်းကားလျက်ရှိသည်။


အဆိုပါ ပြခန်းနှင့်‌ဈေးရောင်ပွဲတော်တွင် ဝန်ကြီးဌာနပြခန်း (၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း (၁၅)ခန်း၊ တိုင်းရင်းသာရိုးရာယဉ်ကျေးမှု အနုပညာပြခန်း၊ ဝတ်စားဆင်ယင်မှုပြခန်း၊ ဒေသထွက်ကုန်ပစ္စည်းပြခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း (၁၅)ခန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်မှ ထုတ်လုပ်သည့် အိမ်သုံးဆေးဝါးများ၊ တိုင်းရင်းဆေးများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ အီလက်ထရောနစ်ဆက်စပ်ပစ္စည်းများ၊ ဟိုတယ်နှင့်အိမ်သုံးမီးဖိုချောင် ဧည့်ခန်းသုံးပစ္စည်းများအပါအဝင် ပြခန်း(၃၈၅)ခန်းတို့ကို ဖေဖော်ဝါရီ ၁၀ ရက် မှ ၁၄ ရက်အတွင်း နံနက် ၉ နာရီမှ ည ၁၀ နာရီထိ စည်ကားသိုက်မြိုက်စွာ ပြည်သူ့ရင်ပြင်အတွင်း ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။


ညနေပိုင်းတွင် လာရောက်ကြသည့် ပရိသတ်များကို စတုဒီသာများအဖြစ် အချိုရည်များ၊ သီးစုံဒန်ပေါက်ထမင်းများဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေပေးလျက်ရှိရာ တိုင်းရင်းသားရိုးရာအကများ၊ ရုပ်ရှင်နှင့်ဂီတမှအနုပညာရှင်များက ဖျော်ဖြေတင်ဆက်ရာ အများပြည်သူများလာရောက်ကြည့်ရှုအား‌ပေးကြသူများနှင့် အထူးစည်းကားလျက်ရှိကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)