နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များရှိ ရေစင်ကြီးများနှင့် ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များရှိ ရေစင်ကြီးများနှင့် ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP  -   ဖေဖော်ဝါရီ ၁၄  

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပူးပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ရပ်ကွက်များရှိ ရေစင်ကြီးများနှင့် ဌာနဆိုင်ရာရုံးများအား ယမန်နေ့ညနေ ၄ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးတင်ကိုကို၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးဌေးမော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေး၊ မြို့နယ်လျှပ်စစ်မန်နေဂျာတို့က ရန်အောင်မြင်ရပ်ကွက်၊ မြို့မကွက်သစ်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်တို့ရှိ ရေဂါလံ(၅၀၀၀)ရေစင်ရှိ  မီတာဘောက်၊ အင်ဂျင်စက်တို့ကို ကြည့်ရှုစစ်ဆေးခြင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၊ ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်းရုံး၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်ပညာရေးမှူးရုံးများတွင် ရေလှောင်ကန်၊ မီးချိတ်၊ မီးကတ်၊ မီးသတ်ဆေးဘူး၊ သဲပုံးများထားရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြရာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ပစ္စည်းအသုံးအဆောင်များအား ဖြည့်စည်းဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများအား ပြောကြားခဲ့ကြောင်း သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment