MNP - ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ် ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့က စတင်၍ ဗန္ဓုလရပ်ကွက် ၊ ဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားလျှက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၃၀ သင်းတို့က ရှုံးထွက်ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်က စားသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကို ရှုံးထွက်ပွဲစဉ် များအဖြစ် ယမန်နေ့ ညနေပိုင်း ၃ နာရီ အချိန် ကစတင်၍ တောင်ရပ်အသင်း နှင့် ထမ္မရာဇ်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲများ ကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အတွင်းရဲမှူး ရဲမှူး အောင်ဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများတို့ ကြည့်ရှု အား ပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment