နတ်မောက်မြို့၌ ၂၀၂၀/၂၀၂၁ (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကူညီသူများအား ဂုဏ်ပြုပွဲနှင့် အောက်ဆီဂျင်အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ ၂၀၂၀/၂၀၂၁ (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ကူညီသူများအား ဂုဏ်ပြုပွဲနှင့် အောက်ဆီဂျင်အလှူငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ




MNP   -  ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၀/၂၀၂၁ (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုပွဲနှင့် အောက်ဆီဂျင်အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲအချိန်က စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များလူမှုကူညီရေး အသင်းကြီးရုံးတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်အနားတွင် နတ်မောက်မြို့ စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များ​ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဉာဏ်ရှိန်က အာယုဒီယအောက်ဆီဂျင်စက်ရုံလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဌာနဆိုင်ရာများမှ အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းသည့် အလှူ ငွေဂုဏ်ပြုမှတ်တမ်းလွှာများကို နတ်မောက်မြို့ စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဉာဏ်ရှိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်အား ပေး အပ်ခြင်းဖြင့်လည်းကောင်း၊  မြို့နယ်ပုဂ္ဂလိက လုပ်ငန်းသုံးမော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းသည့် အလှူငွေအား စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအား လှူဒါန်းခြင်းဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းဖြင့်လည်ကောင်း၊ မြို့ပေါ်(၇)ရပ်ကွက်မှ အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းသည့် အလှူငွေဂုဏ်ပြုမှတ်တမ်းများအား မြို့ပေါ်(၇)ရပ်ကွက်ကိုယ်စား အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးအား ပေးအပ်ခြင်းဖြင့်လည်းကောင်း၊  စိတ် ဓာတ်ဖြူစင်ကရုဏာရှင်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌမှ (၂၀၂၀/၂၀၂၁) ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်(၇)ရပ်ကွက်ရှိ အုပ် ချုပ်ရေးမှူးများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)