ပဲခူးမြို့ မြို့တော်ခန်းမ၌ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုအမှတ်တရ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ မြို့တော်ခန်းမ၌ ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုအမှတ်တရ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ




MNP   -  ဖေဖော်ဝါရီ  ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်မှုအတွက် အမှတ်တရဆုတံဆိပ်ချီးမြှင့်ခြင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပဲခူးမြို့၊ မြို့တော်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထိန်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်လွင်လွင်အေးကျော်နှင့် တာဝန်ရှိသူများက ဘွဲ့ထူးဂုဏ်ထူးရရှိကြသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဆို၊ က၊ ရေး၊ တီး ဆုရရှိသူများ၊ အားကစားထူးချွန်သူများ၊ အားကစားနည်းပြများ၊ သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲ ဆုရရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများအား ဂုဏ်ပြုလက်မှတ်၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသည့် ဂုဏ်ပြုခံပုဂ္ဂိုလ်များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


ယင်းနောက် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး ဖျော်ဖြေကပြတင်ဆက်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်သီရိပျံချီဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထိန်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဝဏ္ဏကျော်ထင်ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများ၊ အမှတ်(၇၇)ခြေမြန်တပ်မှဌာနချုပ် တပ်မမှူးဗိုလ်မှူးကြီးကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment