ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး


MNP  -   ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့၌ ဆောင်ရွက်ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ကလေးငယ်များအား အသက်အပိုင်အခြားအလိုက် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ထိုးနှံတိုက်ကျွေးကြသည်။


ထို့အပြင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


မျိုးဝင်းညို 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)