အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်သည့် KNU/ KNLA-PC မှ ဒုဗိုလ်ဆိုသူအပါအဝင် အကြမ်းဖက်သမား ၃ ဦးကို စစ်ကိုင်းမြို့ ရတနာပုံတံတားဂိတ်တွင် ဖမ်းမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်သည့် KNU/ KNLA-PC မှ ဒုဗိုလ်ဆိုသူအပါအဝင် အကြမ်းဖက်သမား ၃ ဦးကို စစ်ကိုင်းမြို့ ရတနာပုံတံတားဂိတ်တွင် ဖမ်းမိ


MNP ၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတား၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့မှ ယာဉ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ မန္တလေးမှ ကန့်ဘလူသို့ ပြေးဆွဲနေသည့် "ရွှေရာဇာ" ခရီးသည်တင် မှန်လုံယာဉ်ပေါ် လိုက်ပါလာသော KNU/ KNLA-PC မှ ဒုဗိုလ်ဆိုသူအပါအဝင် အကြမ်းဖက်သမား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများမှာ ကရင်ပြည်၊ ကော့ကရိတ်မြို့နယ်၊ ရွှေတောကြီးကျေးရွာ၌ နေထိုင်သူများ ဖြစ်ကြသော အတန်းပညာ (၈)တန်းဖြင့် KNU/ KNLA-PC ၌ ဒုဗိုလ်အဖြစ်တာဝန်ထမ်းဆောင်နေသည့် စောမင်းမင်းဦး (၃၂) နှစ်၊ အတန်းပညာ (၁၀)တန်းဖြင့် KNU/ KNLA-PC ၌ တပ်သားတာဝန်ထန်းဆောင်နေသည့် ရဲရင့်အောင် (၂၂)နှစ်နှင့် တပ်သား ဇေယျာလင်းတို့ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိ ဇေယျာလင်း၏ အိပ်အတွင်းမှ AK-47 မောင်းပြန်သေနတ်ဖြင့် ပစ်ခတ်ရသည့်  ၇.၆၂ ကျည် (၇)တောင့်နှင့် ဝ.၃၂ ကျည် (၁)တောင့်တို့ကို ရှာဖွေတွေ့ရှိရသဖြင့် အသေးစိတ်ကို ထပ်မံစစ်ဆေးလျှက်ရှိကြောင်း သိရသည်။


#MyanmarNationalPost


(မြန်မာနေရှင်နယ်ပို့စ် သို့ ပေးစာများ ဆက်သွယ်ပေးပို့လိုပါက ပေးပို့လိုသည့် အကြောင်းအရာကို တစ်စုတစ်စည်းတည်း ပြည့်စုံစွာ ရေးသားပြီး ပေးပို့သောအကြောင်းအရာနှင့် ဆက်စပ်သည့် ဓာတ်ပုံ၊ ဗွီဒီယို အထောက်အထားများနှင့်တကွ Viber, Telegram - 09692366274, 09668195528 သို့ ပေးပို့နိုင်ပါသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)