မိုးနဲမြို့နယ်၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်း


MNP  -   ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်နေ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော  တောင်သူဒေါ်အေး‌အာင်၏ ယာခင်း၌ ခရမ်းချဉ်ပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


အဆိုပါ ခရမ်းချဉ်ပင်များ စိုက်ပျိုးရာတွင် ကိုယ်တိုင်မျိုးစေ့ဝယ်ယူ၍ ပျိုးထောင်ပြီး ၁ ပေခြား စိုက်ပျိုးထားကြောင်း၊ ချောင်းနံဘေးတွင် ယာခင်းရှိသည့်အတွက် ရေအတွက်မပူရကြောင်း၊ ညနေတိုင်းရေလောင်းပေးကြောင်း၊ မုန်လာဥဖြူနှင့် မုန်ညင်းစိမ်းပင်များကိုပါ စိုက်ပျိုးထားကြောင်း၊ ခရမ်းချဉ်ပင်(၂၀၀)ကျော် စိုက်ပျိုးထားကြောင်း၊ ယခု ခရမ်းချဉ်သီး ဈေးကောင်းရရှိနေသဖြင့် မိမိခူးဆွတ်ရောင်းချရာတွင်လည်း ဈေးကောင်းရရှိရန်မျှော်လင့်ကြောင်း၊ အပတ်စဉ် ပေါင်းသင် ရှင်းလင်းပေးကြောင်း၊ ခရမ်းချဉ်ပင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် မီးဖိုဆောင် အသုံးစရိတ်ကိုပါ လျော့ချနိုင်ကြောင်းနှင့် ပိုးသက်ဆေးနှင့် အပင်အားတိုးဆေးတို့ကိုပါ အသုံးပြုပေးထားသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူ ဒေါ်အေးအောင်ထံမှသိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)