ကျိုက်ထိုမြို့နယ် ၌ မြန်မာနိုင်ငံကလေးများ‌ နေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ၌ မြန်မာနိုင်ငံကလေးများ‌ နေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်






MNP  -   ဖေဖော်ဝါရီ   ၁၃

     မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်  စွမ်းရည်ပြိုင်ပွဲ ကိုဖေဖော်ဝါရီ ၁၃ ရက် နံနက် (၁၀)နာရီတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန CommunityCenter ခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။


    ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် ကစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာလွင်ကယခုလိုစွမ်းရည်ပြိုင်ပွဲပြုလုပ်‌ ပေးခြင်းသည်  ကလေးငယ်များအတွက် ကျန်းမာပျော်ရွှင်၍ ကာယ ၊ဉာဏ စွမ်းရည်ဖွံ့ဖြိုးပြီး မိမိ ကိုယ်မိမိ အားကိုးတတ်လာ စေမည့်အထောက်အကူများရရှိလာနိုင် စေကြောင်းတို့ကို ပြောကြားခဲ့သည်။


        ထို့နောက် ကလေးငယ်များအားကဗျာရွတ်ဆိုပြိုင်ပွဲ နှင့်စွမ်းရည်ပြိုင်ပွဲများကိုပြုလုပ်ပေးကာလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment