သံတောင်ကြီးမြို့နယ် ကော်ပတ်ခြံကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဘက်စုံသုံးခန်းမဆောက်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ကော်ပတ်ခြံကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဘက်စုံသုံးခန်းမဆောက်လုပ်



MNP  -   ဖေဖော်ဝါရီ  ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံ ကိန်းကျေးရွာများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ကော်ပတ်ခြံကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်မှုအား မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ဘက်စုံသုံးခန်းမတည်ဆောက်ရာတွင် မြစိမ်းရောင်အတိုးရငွေကျပ်(၁၅၀)သိန်းဖြင့် အလျား(၄၀)ပေ၊အနံ(၆၀)ပေ အမြင့်(၁၀)ပေဖြစ်ပြီးဆောင်လုပ်မှု(၃၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။


နော်နော်မူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)