လိပ်သိုမြို့တွင် (၂၄)ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့တွင် (၂၄)ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီး


MNP   -   ဖေဖော်ဝါရီ ၁၃

တောင်ငူကတ်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့ မယ်တော်ဂူရှေ့ရင်ပြင်၌ (၂၄) ကြိမ်မြောက် ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မပွဲတော်အား ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။


ပွဲတော်ကာလတစ်လျှောက်တွင် မယ်တော်အလံနှင့် ပုဒ်ရဟန်းမင်းကြီးအလံအားလွှင့်တင်ခြင်း၊ မြို့တွင်းသို့ မယ်တော်ရုပ်တုများနှင့်အတူ စိတ်ပုတီးစိတ်စီတန်းလှည့်လည်ဆုတောင်းခြင်း၊ ကျန်းမာခြင်းမစ္ဆားတရားတော်တင်ပူဇော်ခြင်း၊ မကျန်းမာသူများအား ဆီလူးပေးခြင်း၊ ကျေးဇူးတော်တင်မစ္ဆားတရားတော်မြတ်တင်ပူဇော်ခြင်း၊ ကိုယ်တော်မြတ်ပင့်ခြင်း၊ မယ်တော်ဂူရှေ့တွင် စိတ်ပုတီးစိတ်ခြင်းနှင့် ညလုံးပေါက်ဆုတောင်းဝတ်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ပွဲတော်ကာလတွင် ဘုရားဖူးလာရဟန်းရှင်လူကတ်သလစ်ဘာသာဝင်များ စိတ်ကြည်နူးချမ်းမြေ့စေရန် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုကလေးငယ်များအသင်း ဗုံပုလွေအဖွဲ့နှင့် ရိုးရာဗုံပုလွေအဖွဲ့များ၏ တီးမှုတ်ချီးမွမ်းခြင်း၊ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများနှင့် ဖွင့်လှစ်ရောင်းချပေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment