သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး

 


မိမိတို့နိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာ ယူရမည့် အချက်ဖြစ်ပါသည်။ မိမိ၏အယူအဆ၊ သဘောထားဆန္ဒများနှင့် မကိုက်ညီသူများကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံခြင်း၊ ဖယ်ကြဉ်ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်းတို့သည် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမှုမရှိပါ။ ထို့အတူ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ စိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အန္တရာယ်ကိုဖြစ်စေသဖြင့် မတူကွဲပြားမှု များကို သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးထားစဉ်းစားကြရန် တိုက်တွန်းမှာကြားလိုပါသည်။




No comments:

Post a Comment