မန့်ဟီးရိုးမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူများသို့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန့်ဟီးရိုးမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူများသို့ဖြန့်ဝေ


MNP  -   ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၁၀)အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသား၊ကျောင်းသူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၂-၂-၂၀၂၂)ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆) ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်များ၊ (စည်းလုံးညီ ညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့/ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်/တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက်/ညီညွတ်ခြင်းသည် စွမ်းအင်၊စည်လုံးခြင်းသည်ခွန်အား၊ ပြည်ထောင်စု၏ နှလုံးသား/တွဲလက်ခိုင်ကျည် ပေါင်းစုညီတို့ညီနောင်ထုပြည်ထောင်စု) စသည့် ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သောဆောင်ပုဒ်များ၊ သတင်းစကားများနှင့် (၁၂-၂-၂၀၂၂) ထုတ်မြန်မာ့အလင်း သတင်းစာတွင် ဖိုလေးလုံးသောင်းကိုကို၏ “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နှင့်” အမည်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ထက်သန်စေသော နှိုးဆော်ကဗျာတို့ဖြင့် ကျောင်းသူ/သားများ ပြည်ထောင်စုစိတ်ဓာတ်နှင့်မျိုးချစ်စိတ်ဓာတ်တို့ ထာဝစဉ်ရှင်သန်နေစေရေးအတွက် ပြည့်ပြည့်စုံစုံထည့်သွင်းဖော်ပြထားကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment