မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ



MNP  -   ဖေဖော်ဝါရီ ၉

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့က နမ့်မန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။


လူငယ်အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပညာရေးဌာန မြို့နယ်ပညာရေးမှူး ဒေါ်မငိးမင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က တိုင်းရင်းသားပြည်သူအားလုံး ခွင့်တူညီမျှ တစ်လုံး တစ်စည်းတည်း နေထိုင်ကြတော့မည်ဟူသော သန္ဒိဌာန်ဖြင့် သက်သေထူပြနိုင်ခဲ့သည့် မြန်မာ့ လွတ်လပ်ရေး၏ အမြုတေ သမိုင်းဝင် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြာင်းကို ဟောပြောခဲ့သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့နှင့်ပက်သက်သည့် နံရံကပ် စာစောင်ပြသခြင်း၊ စာအုပ်စာစောင် ပြသခြင်းနှင့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်တို့ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ဝတ်ရည် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)