ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် လူငယ်စကားဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် လူငယ်စကားဝိုင်းပြုလုပ်


MNP   -   ဖေဖော်ဝါရီ ၉

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် လူအများရှေ့တွင်စကားပြောဆိုရာ၌ ရဲဝံ့စွာစကားပြောဆိုနိုင်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိ​ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် အ.ထ.က(၂)ကျောင်းပညာရတနာခန်းမ၌ လူငယ်စကားဝိုင်းကို ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာအ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာအတတ်ပညာနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/သူများ၊ လူငယ်/လူရွယ်များလိုအပ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံ့တာဝန်များကို ဆက်လက် ထမ်းဆောင်ကြမည့် ကျောင်းသား/သူများ အချင်းချင်း ရင်းနှီးခင်မင်ပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံ တတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


စကားဝိုင်းတွင် ကျောင်းသား၊​ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းနှင့် မြို့နယ်အားကာမှူး ဒေါ်နွယ်နီစံတို့က ဆောင်ရွက်ကာ အ.ထ.က(၂)ကျောင်း Grade-9 မှ မောင်ခန့်မင်းကြယ်စင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-11 မှ မသော်တာလမင်းဦးက လူငယ်နှင့်အားကစား၊ Grade-9 မှ မမွှေးမြတ်ပြည့်စုံက လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုးနှင့် Grade-11 မှမောင်ဝင်းမိုးအောင်က လူငယ်နှင့်စာဖတ်ခြင်း အကျိူးကျေးဇူးစသည့် ခေါင်းစဉ်အလိုက် အကြောင်းအရာများအား ဆွေးနွေး​ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦးခန့် တက်ရောက်ခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)