MNP - ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မြို့မဈေး အတွင်းမီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားမှုများအား ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးမီးဘေးလုံခြုံစေရးစစ်ဆေးရာတွင် ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် မီတာနှင့်ဝါယာကြိုးများ စနစ်တကျတပ်ဆင်ထားရှိမှု၊ မီးဘေးအန္တရယ်ကျရောက်ခဲ့ပါက လျှင်မြန်စွာ အသုံးပြုနိုင်သည့် မီးသတ်ဆေးဗူးများထားရှိမှု၊ ဈေးအတွင်းတတ်ဆင်အသုံးပြုထားသည့် မီးသတ်စက်ရေတွင်း၊စက်ပစ္စည်းများ၊ မီးသတ်ပိုက်များ အလွယ်တကူအသုံးပြုနိုင်ရေးနှင့် မီးချိတ်မီးကပ်၊ ရေပုံးများစီစဉ်ထားရှိမှု၊ ရေစဉ်ဆက် မပြတ်ရရှိအောင်ဆောင်ရွက်ထားသည့် ရေကန်များ၊ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်ဆောင်ရွက်ထားသည့် အမှိုက်ကန်နှင့် ဈေးပတ်လည်ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားသည့်ရေနုတ်မြောင်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု၊ ဈေးသာယာလှပစေရေးအတွက် ဈေးအတွင်းအပြင်တို့တွင်ထားရှိသည့် အလှပန်းအိုးများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဈေးတာဝန်ခံနှင့်ဈေးမီးသတ်တပ်ဖွဲ့ဝင်များအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment