MNP - ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တောင်ဘွေအ.မ.က(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောမှုအစီအစဉ်တွင် တောင်ဘွေအ.မ.က(လွန်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းအေးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် လူငယ်ရေးရာသိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
သင်းသင်းအေး
https://t.me/MyanmarNationalPost

No comments:
Post a Comment