မောက်မယ်မြို့နယ်၌ (၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ (၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပွဲတော် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ




MNP  -   ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အောင်မင်္ဂလာမွေတော်ကျောင်းစာသင်တိုက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးမှူးကျင်းပသည့် (၈)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာဖြေပွဲတော် အောင်လက်မှတ် ဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဘောဂသာရထံမှ သြဝါဒကထာ မြွက်ကြားတော်မူပြီး စာချဆရာတော်သုံးပါးအား မြို့နယ်သာသနာရေးမှူးက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ စာပြန်ပွဲတော်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ရာ စာပွဲတော်အတွင်း လာရောက်လှူဒါန်းကြသော ဆွမ်းကွမ်းအလှူရှင်များအား ဆရာတော်က မှတ်တမ်းတင်ဂုဏ်ပြုလွှာများ အသီးသီးချီးမြှင့်ပေးအပ်ပြီး  စာအောင်ရှင်သာမဏေများ (၇၇)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်သာသနာရေးမှူး လ.ဝ.က ဦးစီးအရာရှိ ဦးငွေထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ခြင်းနှင့် အောင်လက်မှတ်များဆက်ကပ်ပြီး ဆရာတော်က အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစီရံတိဠတု သုံးကြိမ်းရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)