ပေကျင်း၊ ဖေဖော်ဝါရီ ၁၄
တရုတ်နိုင်ငံ အစိုးရက ဆီးရီးယားနိုင်ငံသို့ ကူညီထောက်ပံ့ပေးသော ငလျင်ကပ်ဘေး ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် နန်ကျင်းမြို့မှ စတင် သယ်ယူပို့ဆောင်နေပြီဖြစ်ရာ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဒမတ်စကတ်စ်မြို့သို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(CIDCA)၏ သတင်းများအရ သိရသည်။
အဆိုပါထောက်ပံ့ရေးပစ္စည်းများတွင် အရေးပေါ်သုံးအိတ် ၃ သောင်းခန့်၊ ဂွမ်းကပ်အင်္ကျီ အထည် ၁ သောင်း၊ စောင် အထည် ၂ သောင်း၊ ဘောင်းဘီ အထည် ၇ သောင်းနှင့်အတူ အသက်ရှူစက်၊ မေ့ဆေးစက်၊ အောက်စီဂျင်စက်၊ LED အရိပ်မဲ့ မီးချောင်း စသည့် အရေးပေါ် ဆေးကုသရေးပစ္စည်းများနှင့် အထောက်အပံ့ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
Ref - ဆင်ဟွာ
#MyanmarNationalPost


No comments:
Post a Comment