MNP - ဖေဖော်ဝါရီ ၁၄
ဘာစီလိုနာအသင်းဥက္ကဌ ဟွမ်လာပေါ်တာက အသင်း ဘဏ္ဍာရေး အခြေအနေနဲ့ ပတ်သက်ပြီး"ကျွန်တော်တို့ ကစားသမားတွေကို ယူရို ၂၁၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ယူရို ၁၄၁ သန်းနဲ့ ပြန်လည်ရောင်းချခဲ့ပြီး ယူရို ၇၄ သန်းနဲ့ အသင်းကောင်းတစ်သင်းကို ဖွဲ့စည်းခဲ့ပါတယ်။" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လာပေါ်တာက "ကျွန်ုပ်တို့ဟာ ကစားသမားတွေရဲ့ လုပ်ခလစာတွေကို ယူရိုသန်း ၁၀၀ ဝန်းကျင်အထိ လျှော့ချလိုက်တာကြောင့် နောက်ထပ် ယူရိုသန်း ၇၀ လျှော့ချရန် စီစဉ်နေပါသည်။ကျွန်တော်တို့ ဘာစီလိုနာကို ငွေကြေးအကြပ်အတည်းတွေကနေ ကယ်တင်ခဲ့တာ ဟုတ်ပါတယ်။” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment