ပင်လုံမြို့၌ အခြေခံပညာစာသင်ကျောင်းများသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လုံမြို့၌ အခြေခံပညာစာသင်ကျောင်းများသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ


MNP   -   ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဖေဖော်ဝါရီလ (၁၂)ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပင်လုံမြို့အတွင်းရှိ အခြေခံပညာစာသင်​ကျောင်းများသို့ ယနေ့ နံနက်ပိုင်းတွင် အခမဲ့ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ပါသည်။


အဆိုပါ လက်ကမ်းစာစောင်တွင် “စည်းလုံးညီညွတ်မှုမှ ထာဝရငြိမ်းချမ်းရေးဆီသို့”၊  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ​ကောက်နုတ်ချက်၊ “စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့”၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်နှင့် “ညီညွတ်ခြင်းသည် စွမ်းအင် စည်းလုံးခြင်းသည် ခွန်အား ပြည်ထောင်စု၏ နှလုံးသား” စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရှိရပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)