MNP - ဖေဖော်ဝါရီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အနာဂတ်လူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး မူးယစ် ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကို ယမန်နေ့ နံနက်ပိုင်းက (အ ထ က-၁) ကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ် သည်။
ပထမဦးစွာ (အ ထ က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က အဖွင့်အမှာစကား ပြောကြားရာတွင် အသိပညာပေးဟောပြောပွဲက မှတ်သားလိုက်နာရမည့် အချက်များကို အလေးထားမှတ်သားကြရန် ပြောကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုးက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု ဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ သုံးစွဲလျှင်ဖြစ်ပေါ်နိုင်သော လက္ခဏာများနှင့် ပတ်သက်ပြီး လည်းကောင်း၊ ဒုမြို့နယ်မှူး ဒုရဲမှူး စိုးငြိမ်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဟောပြောကြောင်းနှင့် (အ ထ က-၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၂၅၀)ဦး တက်ရောက်ကြောင်း သိရသည်။
အလားတူ နေ့လည်ပိုင်းတွင် (အ ထ က-၂) ကျောင်း စာသင်ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောကျင်းပရာ (အ ထ က-၂) ကျောင်းအုပ် ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူအင်အား (၂၂၀)ဦး တက်ရောက်ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာ များ၊ ဆေးလိပ်သောက်ခြင်းကြောင့် ရရှိလာနိုင်သော ဆိုးကျိုးလက္ခဏာများစတဲ့ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment