(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကျင်းပ


MNP   -  ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊‌ ချောင်းကျိုးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက စီမံကိန်းရန်ပုံငွေများဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေများနှင့် ပေါက်ခေါင်းမြို့နယ် လျှပ်စစ်တာဝန်ခံအင်ဂျင်နီယာ ဦးဖြိုးမောင်မောင်ဇော်က ကျေးရွာလျှပ်စစ်မီးလင်းရေးဆောင်ရွက်ထားရှိမှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြု ကျေးရွာမီးလင်းရေးဆိုင်းဘုတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ အတွင်းရေးမှူးရဲမှူးကိုကိုနိုင်၊ ကျေးလက်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့်ရပ်မိရပ်ဖတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


အဆိုပါလျှပ်စစ်မီးလင်းရေးကို ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ရန်ပုံငွေ ကျပ် ၁၀ သန်းဖြင့်လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာတွင်း (၄၀၀)ဗို့ထရန်စဖော်မာနှင့် ပေ ၄၀၀ ရှိဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)