MNP - ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားများ စည်းလုံးအားဖြင့် လက်တွဲမပျက် ရှေ့သို့ဆက်၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ တွဲလက်ခိုင်ကျည် ပေါင်းစုညီ တို့ညီနောင်ထု ပြည်ထောင်စု၊ အေးအတူပူအမျှ၊ “စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့” ကဗျာ၊ စသည့်အကြောင်းအရာများ ပါဝင်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် (၄၅၀) စောင်အား အမှတ် (၁)၊ (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်၊ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအားလုံးသို့ ရောက်ရှိစေရေး မြို့နယ်ပညာရေးမှူးရုံးသို့လည်းကောင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော်
https://t.me/MyanmarNationalPost

No comments:
Post a Comment