မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း ၂ဝ၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း ၂ဝ၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်




MNP  -   ဖေ​ဖော်ဝါရီ ၉

၂ဝ၂၃ ခုနှစ်၊ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ​​ဖေ​ဖော်ဝါရီလ ၇ ရက်​နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဝင်များ တက်​ရောက်ခဲ့​သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ ၁၂ ရက်​နေ့တွင်ကျ​ရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို မွန်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ​ကော်မတီများဖွဲ့စည်းခဲ့ပြီး  ​သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင် စီစဉ်​ဆောင်ရွက်ထားရှိကြန်ရန် လိုအပ်​ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားကို အနှစ်သာရရှိရှိဖြင့် ထူးခြားခမ်းနားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများ ကျင်းပပြုလုပ်မည့်အပြင် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီမံဆောင်ရွက်ထားရှိရန်လို​ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့ လာသော စံလုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ဆောင် ရွက်သွားရန်နှင့် အခမ်းအနားကို ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် ဝိုင်းဝန်းအကြံပြု ​ဆွေး​နွေး​ပေးကြ​ရန်ဖြင့် အမှာစကား ​ပြောကြားခဲ့သည်။


ထို့​နောက် အခမ်းအနားကျင်းပ​ရေး ​ကော်မတီဝင်များက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပနိုင်​ရေး ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြပြီး တက်​​ရောက်လာသူ များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေး​နွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)