MNP - ဖေဖော်ဝါရီ ၉
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အဖျောက်ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါလမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးနေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းဇော်မင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖျောက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသိန်းလှိုင်က ကျေးရွာတွင်းကွန်ကရစ်လမ်းဖြစ်ပေါ်လာခြင်းအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းဇော်မင်းနှင့်အဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းခင်းကျင်းထားမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ကျေးရွာတွင်းကရစ်လမ်းသစ်သည် အရှည်(၅၆၀)ပေ၊ အကျယ်(၈)ပေ၊ အမြင့်(၆)လက်မရှိပြီး ကျေးရွာသားများ အဓိကမှီခိုအားထားရသော လမ်းမကြီးတစ်ခုဖြစ်ပြီး ယခင်ကမြေသား လမ်းအဆင့်ရှိရာမှ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)နှင့် ကျေးရွာသူ၊ ကျေးရွာသားများ၏ စုပေါင်းအားဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost


No comments:
Post a Comment