MNP - ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးဋ္ဌေးနိုင်က ပြည်ထောင်စုနေ့ဆိုတာ မြန်မာနိုင်ငံရဲ့ အထိမ်းအမှတ်နေ့ထူးနေ့မြတ်တွေထဲမှာမှ တစ်နေ့အပါ အ၀င်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့မှာ အနယ်နယ်အရပ်ရပ်၌ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပပြုလုပ်ခြင်းဖြစ်သလို အခြေခံပညာကျောင်းတွေမှာလဲ ကာတွန်း၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲတွေပြုလုပ်ပြီးဂုဏ်ပြုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ကြီးဟာ ဗြိတိသျှအစိုးရ၏ နယ်ချဲ့ကျူးကျော်စစ်သုံးကြိမ်နဲ့ကျူးကျော်စစ်ခံပြီး ကိုလိုနီလက်အောက်ခံဘ၀ကို ရောက်ရှိခဲ့ပါကြောင်း၊ ကိုလိုနီလက်အောက်ခံဘ၀ကို ကျရောက်ပြီးချိန်မှာ ဗြိတိသျှတွေကိုတော်လှန်ဖို့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့က ဂျပန်ပြည်ကို စစ်ပညာတော်သင်သွားပြီး ဂျပန်၏အကူအညီဖြင့် နယ်ချဲ့ကိုလိုနီဘ၀ကို တော်လှန်ခဲ့ပါကြောင်း၊ ထို့အတူ ဂျပန်တွေကိုလည်း မဟာမိတ်တပ်တွေ၏ အကူအညီဖြင့် မြန်မာမြေပေါ်ကမောင်းထုတ်နိုင်ခဲ့ပါကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖစပလအဖွဲ့ချုပ်၏ ဥက္ကဋ္ဌနေရာမှာ တာ၀န်ယူပြီး ၁၉၄၆ ခုနှစ်နောက်ပိုင်း ဘုရင့်အမှုဆောင်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်တာ၀န် ထမ်းဆောင်ခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလန်ကိုသွား၍ အင်္ဂလိပ်တွေဆီ မြန်မာနိုင်ငံကိုလုံး၀လွတ်လပ် ရေးရဖို့တောင်းဆိုခဲ့ပါကြောင်း၊ လန်ဒန်ဆွေးနွေးပွဲ၌ တောင်တန်းနှင့်ပြည်မအတူတကွ ပူးပေါင်းနေထိုင်ရန်အတွက် တောင်တန်းဒေသမှ ပြည်သူတို့၏ သဘောထားကိုခံယူရန် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်နှင့်အညီ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံကို ကျင်းပရန်ပြင်ဆင်ခဲ့ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်များနှင့် တောင်တန်းဒေသမှ ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လယ်အထိ ဆွေးနွေးခဲ့ကြပြီး လွတ်လပ်ရေးကို အတူတကွရယူရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကချင်၊ ချင်း၊ ရှမ်း၊ အမျိုးသားကိုယ်စားလှယ်ကြီးများက ခွင့်တူညီမျှ တစ်လုံးတစ်စည်းထဲ နေထိုင်ကြတော့မည်ဟူသော သန္တိဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှန်ရေးထိုးခဲ့ပါကြောင်း၊ ထိုလက်မှတ်ရေးထိုးခဲ့သည့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ပြီး ယနေ့တိုင် မြန်မာနိုင်ငံတွင် အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပပြုလုပ်လျက်ရှိကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များတွင် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment